Sunday 31 December 2023

 

(101) –Judging the Pictures                                       ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု ( ၁၀၁ )

 

 

“ ဓါတ်ပုံ တစ်ပုံ ကိုအကဲ ဖြတ်ခြင်း “


စကားဦး။

 

သာမန် အားဖြင့် ကျွန်တော်ဟာ ဓါတ်ပုံ တစ်ပုံ ကို ကောင်း၏ မကောင်း ၏ စတဲ့  ကောက်ချက် ချ ခြင်း များ လုပ်လေ့ မရှိပါ။ လုပ် ရန် လည်း  အလွန် ဝန်လေးပါတယ်။

အကြောင်း ကတော့ ဓါတ်ပုံ ဆိုတာ အနပညာ ဖန်တည်း မှု တစ်ရပ်မို့ ကြည့်သူ ရဲ့ ခံစားမှု နဲ့  သက်ဆိုင် နေလို့ လည်း ဖြစ်ပါတယ်။

ဒါကြောင့် များသော အားဖြင့် ကြိုက်တယ် ၊ မကြိုက် တယ် လောက် သာ ပြော လေ့ ရှိပါတယ်။ ကောင်းတယ် မကောင်းတယ် ပြော တဲ့ အခါ များ ရှိရင်လည်း ဒီ မှတ်ချက် ဟာ ကိုယ့် ရဲ့ စံ နဲ့ ကိုယ်ချိန်ထိုး  ပြော ခြင်း  သာ ဖြစ်ပါတယ်။

အနုပညာ အမြင် တစ်ရပ်ပေါ်မှာ တစ်ဦးနဲ့ တစ်ဦး ခံစားမှု များကွဲလွဲ နိုင်ပါ တယ်။

အခု ရေးမဲ့ မှတ်စု ရဲ့ အခြေခံ က တော့ S D Johar ရဲ့ အင်္ဂလိပ် ဘာသာ နဲ့ ဓါတ်ပုံ အကဲ ဖြတ် ခြင်းဆိုင်ရာ ရေးသား ထားတဲ့ အချက် များ ကို မြန်မာလို အချုပ် သဘော ဘာသာပြန် ကာ Face Book ပေါ်တင် ထား တာကို တင်ထားတာ တွေ့ တာနဲ့ ကူးယူ ကာ ကိုယ် လေ့ လာ မိသလောက် ပြန်ရေးချ လိုက်ခြင်း သာ ဖြစ်ပါတယ်။

ဒီ လို ဓါတ်ပုံ အကဲဖြတ်အမှတ်ပေး ပုံစံ ကို ကျွန်တော် ကို တစ်ခါ မှ လည်း မတွေ့ ဘူးပါ။ ဒီတစ်ခု ကိုသာ ပထမ ဦးဆုံး တွေ့ ဘူးခြင်း ဖြစ်ပါတယ်။

အခု ရေးမဲ့ S D Johar ရဲ့ ဓါတ်ပုံ အကဲဖြတ်ခြင်း Post ကို Face Book ပေါ် တင်ထားတဲ့ ပုဂ္ဂိုလ် ကတော့ မန္တလေး က ကျွန်တော့် မိတ်ဆွေ ကိုစိုးလှိုင် ( Nice ) ဖြစ်ပါတယ်။

ကိုစိုးလှိုင် က -  

“ ဓါတ်ပုံပြိုင်ပွဲဝင်နေကြတဲ့ ဓါတ်ပုံ ဝါသနာရှင် များ ၊ မသိကြသေး တဲ့သူများ အားလုံးကို ပြိုင်ပွဲ အမှတ်ပေးပုံ ကို စနစ်တကျ သိစေချင်လို တဲ့ အတွက် နဲ့ ဒိုင်လုပ်တဲ့ အခါမှာလဲ လိုအပ်မယ်လို့ ထင် တဲ့ အတွက် ဒီ Post ကို တင်ပေးခြင်းဖြစ် ကြောင်း ” ….. သူ့ Post မှာဖေါ်ပြ ထားပါတယ်။

https://www.facebook.com/search/top/?q=Soe%20Hlaing%20SD%20Johar&epa=SEARCH_BOX

အထက် မြန်မာပြည် က ကိုစိုးလှိုင် တင်တဲ့ Post ကို  အောက်မြန်မာပြည် က စိုးလှိုင် က အတန်ငယ် ဖြန့် ကျက် လေ့လာကာ ကိုယ် သဘော ပေါက် နား လည် သလောက်ပြန် ရေးတဲ့ မှတ်စု ဖြစ်ပါတယ်။

 

ကိုစိုးလှိုင် Post ကိုတွေ့ ကာစ က ‌မိမိ လေ့လာ မှတ်သား ရန် အတွက် သာမန် သဘော လောက် သာ ကူးထား တာဖြစ် ပါတယ်။

နောက် ပြန် လေ့ လာရင်း လေ့လာ ရင်း နဲ့ ဒီ အကြောင်း လေး ကို စိတ်ဝင် စားသူများ လည်း လေ့ လာ လိုပါက လေ့လာ နိုင်ရန် အတွက် နားလယ်သလောက် ချဲ့ပြီး မှတ်စု လေး လုပ်ထားရင် ကောင်းမယ် လို့ စိတ်ကူးရ လာရာက  ဒီ မှတ်စုလေး ဖြစ်လာ  တာပါ။

 

SD Johar ရဲ့ အမှတ်ပေး အချက် တွေ ကို ကျယ်ချဲ့ ရေး ဘို့ အတွက် ဓါတ်ပုံ အကဲ ဖြတ်ခြင်း ဆိုင်ရာ ဆောင်းပါး များစွာ ကို ရှာဖွေ ဖတ်ကြည့်ရာမှာ တူ တဲ့ အကဲ ဖြတ်ခြင်း ဆိုင်ရာအခြေခံ အချက် များ တွေ့ ရသလို SD Johar အကဲဖြတ် မှတ်တမ်း တွင် မပါ သေး တဲ့ မြောက်များစွာသော အချက် များကိုလည်း တွေ့ လာရပါတယ်။

အကုန်လုံးကို စုပေါင်းကာ လိုက် ရေး ပြန်လျှင် လည်း ကျမ်းတစ်စောင် ပေ တစ်ဖွဲ့ လောက် ဖြစ်သွား နိုင်ပါတယ်။

ဒါကြောင့် အရှင်းလင်း ဆုံး ဖြစ်တဲ့ မန္တလေး ကိုစိုးလှိုင် ရဲ့ SD Johar အကဲဖြတ် ပုံစံ ကို သာ ကိုယ် နား လည် သဘော ပေါက် သလောက် ရှင်းလင်း ရေးသားပါမယ်။

SD Johar ရဲ့ အကဲဖြတ် မှတ်တမ်း တွင် မပါ သည့်ဓါတ်ပုံအကဲဖြတ် ခြင်း ဆိုင်ရာ အချက်  များ ကို မူ ဤ မှတ် စုရဲ့ အဆုံး ပိုင်းတွင် အချုပ် သဘော ရေး ထားပါတယ်။

နမူနာ ပုံများ ကို သက်ဆိုင်ရာ ခေါင်းစဉ် အလိုက် ရှာဖွေကာ ကျွန်တော် ဉာဏ်မှီ  သလောက် တတ်နိုင် သမျှ ပူးတွဲ ဖေါ်ပြ သွားပါမယ်။

အတွေ့အကြုံအရ ရေး ခြင်း မဟုတ်ဘဲ ကျွန်တော် ဉာဏ် မှီ သလောက် လေ့ လာ  ဖတ်ရှုကာ  ဘာသာပြန် တဲ့ မှတ်စု ဖြစ်တဲ့ အတွက် အတွေ့ အကြုံ ရှိတဲ့ ပညာ တစ်ဦး ရေး သလိုပြည့် စုံ နိုင် မည် မဟုတ် မှာ သေခြာပါတယ်။

သက်ဆိုင်ရာ ခေါင်း စဉ် အလိုက် တွဲပြ ထားတဲ့ နမူနာ ပုံ များ ဖေါ်ပြ ရာမှာ အချို့ ခေါင်းစဉ်များ အတွက် ပုံ များကို  အလွယ် တကူ ရ ပါသေည်လည်း အချို့ ကိုမူ  သက်ဆိုင်ရာ ခေါင်းစဉ် နဲ့ ကိုက်ညီမည့် ပုံများ အား ရနိုင်သည့် နေရာ များ က ရှာဖွေကာ  ပူးတွဲ တင်ပြ ထားခြင်း ဖြစ်ပါတယ်။

 

ပုံ များအနက်သက်ဆိုင်ရာ ခေါင်း စဉ် နဲ့ အတိမ်း အစောင်း အနည်းငယ် ရှိတဲ့ ပုံများ လည်း ပါသွား နိုင် ပါတယ်။

ဘာသာပြန်ရာတွင် မြန်မာလို ထိထိမိမိ အဓ္ဓိပါယ် ပေါက်အောင် ပြန်ဆို နိုင်ခြင်း မရှိ သည့် စကားလုံး များ ကို မူရင်း အင်္ဂလိပ် ဘာသာ ဖြင့် သာ ဖေါ်ပြ ထားပါတယ်။

ဤကဲ့ သို့ ကွဲလွဲ ချက် များ တွေ့ပါက ပညာ ရှင်များ အနေနဲ့ ပြင် ဆင် ဖြည့် စွက် ဖတ်  ရှု ပေးဘို့ ပန်ကြား လိုပါတယ်။

ယခု ဖေါ်ပြထားတဲ့ အမှတ်ပေးစည်းမျဉ်း ဟာ S D Johar ရဲ့ ရေးသား ထားတဲ့ စည်းမျဉ်း သာ ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီ အကဲဖြတ် ပုံ ဖြတ် နည်း ဟာ ပုံသေ ဖြစ်နိုင်တယ် လို့  ယူဆ ၍ မရပါ။ အကဲဖြတ် ရာမှာ ပုဂ္ဂိုလ်ရေး အလိုက် အကြိုက် ၊ အကဲဖြတ် အဖွဲ့ အစည်း ရဲ့ စည်းမျဉ်းများ စည်းကမ်း များ နဲ့ ဆုံး ဖြတ် ကြသည်သာ ဖြစ်ပါတယ်။

အထက်တွင် ပြော ခဲ့ သလို သူ့ ရဲ့ အကဲဖြတ် မှတ်တမ်း တွင် မပါသည့် အကဲဖြတ် ခြင်း ဆိုင်ရာ အချက် မြောက် များစွာ ရှိပါလိမ့် မယ်။

နေရာ ဒေသ အမျိုး မျိုး ရှိ ဓါတ်ပုံ ကို အကဲ ဖြတ် အမှတ်ပေးတဲ့ သူများမှာ သူ တို့ ကို လမ်းကြောင်း ပေးတဲ့ Guide Line Criteria တွေဟာလည်း မူကွဲ များ စွာရှိနိုင်ပါမယ်။

သို့ ရာ တွင် မည်သို့ မူကွဲ စည်း မျဉ်း တွေ ဖြစ်စေကာမူ ယခု ဖေါ်ပြ အချက် တွေ ထည်း က အခြေ ခံ အချက်တွေ နဲ့ တော့ အနည်း နဲ့ အများ တူကြမှာ ဖြစ်တယ် လို့ ဆိုရပါမယ်။

 

 “ S D Johar ရဲ့ ဓါတ်ပုံ အကဲ ဖြတ် ပုံစံ “

 

1.       Print Quality ( 30-Mark )

ဓါတ်ပုံ ဆေးသား ကောင်းမွန်မှု ၊ ကြည် လင်ပြတ်သားမှု။

အခြား ပြိုင်ပွဲ တွေ မျာ တော့ အမှတ် ဘယ်လောက် ပေးတယ် မသိ Johar ကတော့ ဒီ အချက် ကို အမှတ် (၃၀) ပေးထားတာတွေ့ ရပါတယ်။

 

·       ဤ အမှတ်ပေး ခေါင်းစဉ် အောက် တွင် ဓါတ်ပုံ ကြည်လင် ပြတ်သား မှု ဆိုတာ အများခေါ် နေကြ သည့်- ကြည် ၊ တောက် ၊ ရှင်း လို့ ဆိုရပါမယ် - ။ အောက် ပါအချက် တွေ ဖြစ်ပါမယ်-

·       Focus ပြတ်သား မှု။

·       Noise ကင်းစင် ခြင်း၊

·       အရောင်များ ရော ထွေးနေခြင်း မရှိဘဲ။ အရောင်ခြင်း အပြန်အလှန် ပံ့ ပိုးအားပြုပေးတဲ့ Color compliment များရှိခြင်း များ ရှိ ရ မယ် လို့ ဆိုရပါမယ်။

·       

 

 

နမူနာ ပုံ များ။

 

အထက်မှာ ဖါ်ပြခဲ့ သလို နမူနာပုံများကိုသက်ဆိုင်ရာ အမှတ်ပေး ခါင်းစဉ် အလိုက်နေရာ  အသီးသီး မှ ရှာကာ ခေါင်းစဉ် များနဲ့ ကိုက်ညီမယ် လို့ ယူဆ တဲ့ ပုံများကို  အမှတ်ပေး ခေါင်း စဉ်များရဲ့ နမူနာ ပုံများအဖြစ် တွဲပြ ထားခြင်း ဖြစ်ပါတယ်။

 

Technical ပိုင်းဆိုင်ရာ ပုံများ ကို နမုနာ ပြရာ တွင် ကွဲလွဲ မှု မရှိနိုင်စေကာမူ Artistic ပိုင်း  ဆိုင်ရာ ပုံ များ ပြ ရာ တွင်မူ ပေးထားတဲ့ ခေါင်းစဉ် နဲ့ ကွက်တိကျ ခြင်မှ ကျ နိုင်ပါမယ်။

 

ခေါင်းစဉ် များနဲ့ တိုက်ဆိုင်မှု ရှိတဲ့ ပုံ များ အကြား တွင် ခေါင်းစဉ် နဲ့ သွေဖည် တဲ့ ပုံများ လည်း ပါသွားတာ များ တွေ့ ပါက ပညာရှင်များ အနေနဲ့ ဖယ်ပြီးကြည့် ပေးကြ ပါရန် မေတ္တာ ရပ်ခံ အပ်ပါတယ်။



















2.       Emotional Appeal ( 15-Mark )

(မျက်စေ့ အာရုံ ဆွဲဆောင်မှု )

 

ပုံတစ်ပုံ ကို ဖြတ်ကနဲ မြင် လိုက် ရုံ မျှ နဲ့ မျက်စေ့ လွှဲ မသွားနိုင်ဘဲ ပြန်ကြည့် ရတဲ့ စွဲဆောင်  မှု မျိုးကို ဆိုလိုပါတယ်။ ကောင်းတာ မကောင်းတာ နောက်မှထား၊ ရုတ်တရက်  မြင်ရုံနဲ့ ရှေ့ ပုံတွေ ကို ဆက် မကြည့် နိုင်ဘဲ ဒီပုံမှာ တင် ရပ် ပြီး ကြည့် နေရတဲ့ ပုံမျိုး ပါ။

ဒီလို ပုံ မှာ မီတာပေါင်း များစွာက ကြည့် လိုက်တာ နဲ့ ထင်းကနဲ မျက်စေ့ထဲ ဝင် နေ လောက်တဲ့ Structure ရှိနေ တဲ့ ပုံ ဖြစ်ရပါမယ်။

ဒါဟာအရေး အကြီးဆုံး ကနဦး ဖမ်းစား မှုုပါ။ ပုံ ဟာ Strong Composition Order ရှိနေတဲ့ ပုံ မျိုး လို့ ဆိုရပါမယ်။ ဒီလို Strong Composition Order မရှိပါက မည်သို့ သော Detail တွေ ထည့် ပြ ထားစေကာမူ Story မရှိသော ပုံ ဖြစ်နေပါ လိမ့် မယ်။

Strong Structure ဆိုတာ ဟာ ပုံ တစ်ပုံ ကို လိုခြင်တဲ့ ပုံ ဖြစ်လာအောင် ဖေါ်ဆောင် ပေးတဲ့ Shape, Light Contrast, Color Contrast စသည် တို့ပါဘဲ လို့ ဓါတ်ပုံ ဆောင်းပါးရှင်   Ken Rockwell ရဲ့ ဆောင်းပါးတစ်ခု  မှာရေးထားတာ  ဖတ်ဘူးပါတယ်။

အောက် က ပုံ မှာ အထက် က ပြော ခဲ့သော အကြောင်းအချက် တို့ ရဲ့ နမူနာပုံဖြစ် ပါတယ်။

 

 " Ruin "

 



အထက်ပါ ပုံ နဲ့ ပတ်သက် လို့ Ken Rockwell က အောက် ပါအတိုင်း ရှင်းပြ ထားပါတယ် -

“ ပုံ ရဲ့ ခေါင်းစဉ် က “ Ruin “ ပါ။

 ဒီပုံဟာ အရောင်၊ ပုံစံအလင်း အမှောင် တို့ ကို  သာသာကဲကဲ ဖြင့် ဖွဲ့ စည်းထားသည့် Strong Structure ပုံ တစ်ပုံ ဖြစ်ပါတယ်။

ပုံကို အလယ် တွင် အနီရောင်အချွန်း ကိုထားပြီး ဘေး မှ အပြာ ရောင်  မီး ခိုးရောင်  များဖြင့် ရံ ထား ပါတယ်။

 အနီရောင်မှာ Subject ၏ ပင်မ အရောင် ( Positive Space) ဖြစ်ပြီး အပြာ နှင့် မီးခိုးရောင်တို့ မှာ ရံ ထားသည့် (Negative  Space ) အရောင် ဖြစ်ပါတယ်။

 အပြာ နှင့် မီးခိုး ရောင်များ အကြားတွင် ထည့် ထားသည့် အနီရောင် သည် ကြည့်သူ၏ မျက်စေ့ အတွင်းသို့ ခုန် ကာ ဝင်လာလိမ့် မယ်။

ဤ ပုံ ကို Ultra-Wide angle Lens ဖြင့် ရိုက်ထားပါတယ်။

 Ultra-Wide angle Lens ဖြင့် ရိုက်ထားသည့် အတွက် ပုံ၏ ထောင့်နေရာ များ တွင် အနည်းငယ် မှောင် နေပါတယ်။  ဒါကို Falloff ဟု ခေါ်ပါတယ်။

ဒီ Falloff ဟာ အလယ် ပိုင်းရှိလင်းနေသည့် နေရာ ကို အာရုံ ရောက်အောင် ပို့ ပေးပါတယ်။

 

ဒီလို အလယ် အထူးပြု သောအနီရောင် ( Central emphasis Red) ပုံ မှာ တစ်မိုင် ခန့် အကွာ မှ ကြည့်သူ၏ အာရုံ ကိုပင် ဆွဲယူ နိုင်စွမ်း ရှိပါတယ်။

 အထက်မှာ ဖေါ်ပြသကဲ့သို့ ပုံ ကို ကြိုက်သည်  ၊ မကြိုက်သည်  အပထား ၊ ပုံရဲ့ ရှေ့ ကဖြတ်သွား စဉ် ရုတ်တရက် ကြည့်လိုက် မိ တာ နဲ့ ပင်   နောက်ပြန်လှည့်ကာ ကြည့် ရ သည့် ပုံ မျိုး၏  နမူနာ ပုံ ဖြစ်ပါတယ်။

 ပုံ ကောင်း တစ်ပုံ ကိုဖွဲ့ စည်း ရာ မှာ ဒီလို  Strong  Structure ရှိရန်မှာ အဓိက အချက်ဖြစ်ပါတယ်။

ကြည့် သူ၏ အာရုံ ကို ကနဦး ဖမ်းပြီး မှ ကျန်သည့် Detailed Story ကို ဆက်ခံစား စေရ မှာ ဖြစ်ပါတယ်။

အထက်ပါ နမူနာပုံ တွင် ပါ တဲ့ Less Details များမှာ အနီရောင်၏  အနောက် မှ ထိုးထွက်နေသည့် အဝါရောင်၊ ပုံ၏ အလယ်တွင် ထိုးထွက်နေတဲ့  တိမ်တိုက် ၊ ကြမ်းပြ င်ပေါ် ရှိ ဆီကွက် များ အနီရောင် နံရံ များပေါ် တွင် စီးကျနေသည့် မိုးရေ  စီးကြောင်း  များ ဖြစ်ကြ ပါတယ်။

 ဒီပုံရဲ့ အဓိက ဖွဲ့ စည်း မှု မှာ Shape, Colour and Balances တို့ ဖြစ်သည်။  စင်စစ် အားဖြင့် ဒီပုံ ဟာ အမိုးပင် မရှိသည့် စွန့် ပစ်ထားသော ပစ္စည်း သိုလ်လှောင် ရုံ  အဟောင်း ကို ရိုက် ထားတဲ့ ပုံ ပါ။

ဒါကြောင့် ခေါင်းစဉ် ကိုလည်း “ Ruin “ လို့ ပေးထားခြင်း ဖြစ်ပါတယ်။

 နိုင်ငံတကာ ဆု များစွာ ရထားတဲ့ ပုံ ဖြစ်ပါတယ်။


အခြားသော နမူ နာပုံများ။





















3 - Originality (15 Mark )

 

မိမိ ကိုယ် ပိုင် အမြင် နဲ့ ရိုက်တဲ့ ပုံ ၊ သာမန် မြင်ဘူး နေတဲ့ ပုံ မျိုး မဟုတ် ။

မိမိ ကိုယ် ပိုင် စိတ်ကူး အမြင်နဲ့ ရိုက် တဲ့ Originality ပုံ မျိုး ဟု ဆိုတာ ပြော တော့ သာ လွယ်ပေမဲ့ ၊ အခြားအခြားသော ပုံတွေ ရဲ့ အမြင် လွှမ်းမိုးမှု နဲ့ ကင်း တဲ့ပုံ ဆို တာ အတော်မလွယ် တဲ့ ကိစ္စပါ။

 ဒီကိစ္စနဲ့ ပတ်သက်လို့ လို့ တောင်အာဖရိက က နံမည်ကြီး Wildlife and Nature Photographer ဖြစ်သူ Mark Dumbleton ပြောတာ လေး ကို ပြန် ပြော လိုပါတယ်။

 အောက် တွင် “ကျွန်တော် “ ဟူသော အသုံးအနှုံး ဟာ Mark Dumbleton ကို ကိုယ်စားပြုပါ တယ်။

 Mark Dumbleton က - “ ….. Originality in Photography ဆိုတာ ပြောတော့ သာ လွယ်တယ် လူတိုင်း နီး ပါး လောက် လက်ထဲ မှာ ကင်မရာ ရှိနေတဲ့ လက်ရှိ ခေတ် ကြီးမှာ ဘယ်သူ့ ပုံ နဲ့ မှ မတူ တဲ့ Unique images ရိုက် ဘို့ ဆိုတာ အတော့ ကို မလွယ် တဲ့ ကိစ္စပါ။

 အခု ခေတ် မှာ ဓါတ်ပုံ ရိုက်တဲ့ စိတ်ကူးတွေ ဟာ အခြားသော ပုံတွေ နဲ့ စိတ်ကူးစိတ်သန်း တစ်နေရာ မဟုတ် တစ်နေရာ မှာ ညိ နေတတ် ကြပါတယ်။

 အချို့ ဆိုရင်လည်းသူ မျက်စေ့ ကျတဲ့ ဓါတ်ပုံ ဆရာ ရဲ့ ခြေ ရာ အတိုင်း လိုက်နင်း  တတ်ကြတယ်။

 Unique images ရိုက်ဘို့ ခက်တယ် ဆိုပေမဲ့ မြင်ရိုး မြင်စဉ် ရိုက်ရိုး ရိုက်စဉ် တွေ တဲ ကနေ ဖေါက်ထွက် နိုင်ဘို့ လိုပါတယ်။ အားလုံး သော လွှမ်းမိုးမှု တွေ မှာ လုံး ၀ ကင်းနေခြင်း မရှိစေကာမူ ကိုယ့် ပုံစံ တစ် ခု ရအောင် ဖန်တည်း ဘို့ လိုပါတယ်။

 Photographic Community မှာ များသော အားဖြင့် ဖြစ်လေ့ ရှိတဲ့ …” ဒီပုံ ကို ဘယ်မှာ ရိုက်တာ လဲ၊ ဘယ်လို ရိုက်တာလဲ …” ဆိုပြီး ပုံတူ လိုက်ရိုက်တဲ့ ဘောင် ထဲ က ခွဲ ထွက် ဘို့ လိုပါ မယ်။

 Own unique artistic vision ဖြစ်တဲ့ ကိုယ့် အနုပညာ အမြင် ကို ထုတ်ပြ နိုင်ရပါမယ်။

ကျွန်တော့် အနေနဲ့ အခြားသော ပုံများ ကို လေ့လာကာ “ Own unique artistic vision “ ဖြစ်လာအောင် ရိုက်တယ် ဆိုစေကာမူ Completely Unique ဖြစ်တယ် လို့ မပြော နိုင်ပါ။ သို့သော် ကျွန်တော် ဟာ ထို ထို သောလွှမ်းမိုးမှု များအောက်မှာ ဖေါက်ထွက်ဘို့  နေ့ စဉ် ကျိုးပမ်းနေသည်သာ ဖြစ်ပါတယ် ။

 ကျွန်တော် လည်း ကျိုးပမ်း ဆဲ သာ ဖြစ်ပါတယ်။




Mark Dumbleton က အထက်ပါ မြင်းကျား ပေါ် ငှက် ကလေး နားနေတဲ့ ပုံ ကို နမူနာ ပြထားစေကာ မူ အဆိုပါ ကျွဲ ၊ နွား ကဲ့သို့ တိရိစ္ဆာန် တစ်ကောင်ကောင် ပေါ် ငှက် နားတေဲ့ ပုံ မျိုး များစွာရှိပါတယ်။ အောက်က တိရိစ္ဆာန် နဲ့ အပေါ်က ငှက်သာ ကွဲ ပါမယ်။

 Influence ကင်းပြီး Completely Unique ဖြစ်တယ် ဆိုတာ ထင်သလောက် မလွယ်ကြောင်း ကို ပြ ပုံ ရပါတယ်။

 အောက်ပါ နမူနာ မူ ကွဲ ပုံ များကို ကြည့်က Completely Unique ဖြစ်ရန် မလွယ် ကြောင်း  သိသာ နိုင်ပါတယ်။

 









4 – Unity - ( 10 – Mark )


  ကြည့် သူ အာရုံ မပြန့်စေဘဲ မိမိပြ လိုသော အရာ ကို အာရုဏ် သက်ရောက် စေရန်အ တွက် ဘေး အဖွဲ့ များက ရံ ကာ အားဖြည့် ပံ့ပိုး ပေးတား ေ သာ ပုံ များ။

 Lines and Colors များက မိမိ ပြ လို တဲ့ Subject ကို Center of Interest အဖြစ် ထိထိ ရောက်ရောက် ဖြစ်လာ စေဘို့ ပံ့ ပိုး ပေး ခြင်း လို့ ဆိုရပါမယ်။













5 - Vitality (10 Marks )

သဘာ၀ ကျစွာ သက်ဝင်လှုပ်ရှားမှု ရှိခြင်း၊

 

ပုံ များရဲ့ သဘာ၀ ဟာ လှုပ်ရှား သက်ဝင် နေတဲ့ Dynamic အသွင်အပြင် ရှိနေ တာကို ဆိုလို တာပါ။

 များသောအားဖြင့် Vitality ကိုရိုက်ရာ မှာ သာမန် မြင်နေကြ မိသားစု ၊ သူငယ်ခြင်း မိတ်ဆွေ များ ပျော်ရွှင် နေကြ တဲ့ သဘာ၀ ၊ ဘွဲ့ယူ အပြီး ဦးထုတ် မြှောက်တ င် ကြတာမျိုး ၊ လေထဲ ခုန် နေတာမျိုး ကိုသာ ဆိုလို တာ မဟုတ် ပါ။

 Vitality Photography ကို ဘယ်လိုပုံမျိုး လို့ ပုံသေ သတ်မှတ် လို့ မရပါ။ Vitality Photography  ဆိုတာ လူကို လိုက်လို့ အဓိပ္ပါယ် ဖွင့် ဆိုချက် အမျိုးမျိုး ရှိနိုင်ပါတယ် “ Vitality is a label that will have different meanings to different people. “ ဖြစ်တယ်လို့ Vitality Forum တစ်ခု မှာ ဓါတ်ပုံ ဆရာ Spanky ပြော တာ တွေ့ ဘူးပါတယ်။

 သူပြော တာ ကို ကျွန်တော် ထောက် ခံ ပါတယ်။

အနုပညာ တစ်ရပ် ကို ဘောင်ခတ် လို့မရနိုင်ပါ။ တစ်ဦး တစ်ယောက် အတွက် ကောင်းပေမဲ့  အခြား သူ တစ်ဦး  အတွက် ကောင်း ခြင် မှ ကောင်း မှာ ပါ။ ဒီ သဘော ကို နိုင်ငံတကာ ဓါတ်ပုံ ပညာ ရှင် များလက်ခံ ထားကြပါတယ်။

 ဥပမာ ပေး ရရင် ကိုယ် က ငါးပိ ကိုကောင်းလှ ချည် ရဲ့ ဆိုပေမဲ့ ဥရော  ပတိုက်သားတွေ အတွက် ကတော့ အပုတ် စာ ဖြစ်နေပါတယ်။

 အဆိုပါ Forum မှာဘဲ Norma Desmond က ပုံတစ်ပုံ မှာ လှုပ်ရှား သက်ဝင်မှု ရှိနေတဲ့ လို့ ခံစားနိုင်စွမ်း ပေး နိုင်ရင် ဒီပုံမှာ Vitality ရှိတယ် လို့ ဆို ရပါမယ် လို့ ဆိုပါတယ်။ အဓိက အနေနဲ့ ပုံ မှာ Multiple and dynamic relationships ရှိနေရင် ပုံ ကို Vitality ပေးလာနိုင်တယ်  လို့ ဆိုပါ တယ်။

 Still Life ပုံ များကို သာမန် ကြည့် ပါက - ( Which may at first glance seem passive) will have vitality to the extent we forget it's still (or as the French say, dead) တွေဟာ ( Still ဆိုတာ ကို မေ့ သွားလောက်တဲ့ အနေအထား မရှိ သည် အချိန် အထိ )  Passive ပုံတွေ လို့ ဆိုနိုင်ပေမဲ့ -

 - “ …… Sunlight can help add vitality. The effects of wind such as blowing hair can add vitality. Fog that seems like breath can imbue a photo with vitality. A particular twinkle in the eye, that shows signs of life, can add vitality. A particular twinkle in the eye, that shows signs of life, can add vitality.”

  စတဲ့ Still Life ပုံအနေ အထား တွေ ဟာလည်း Vitality ပေးနိုင်တာ တွေ ပါဘဲ လို့ ဆိုပါတယ်။


 အောက်တွင်ပြထားတဲ့ နမူနာ ပုံများ ကို Vitality Photography ကဏ္ဍ အောက် ကနေ ရှာဖွေ  တင်ပြ ထားတာဖြစ်ပါတယ်။

 အထက် မှာ Norma Desmond ပြော ခဲ့ သလို တိုက်ရိုက် Dynamic ပုံများသာမက Still Life များပါ Vitality မှာ ပါနေ တာတွေ့ ရပါတယ်။

 ဒါပေမဲ့  အမှန်ဝန်ခံ ရပါက  ကျွန်တော် ပုံ များအားလုံး ရဲ့ Vitality သဘော သက်ရောက်  မှုမည်မျှ   လောက် ရှိတယ် ဆိုတာ ကို မူ တိကျ သဲကွဲ စွာ မခွဲခြား နိုင်ပါ။

 

Vitality နမူနာ ပုံ များ။






















6 – Repose ( 5 Marks)

 

ရင်ထဲ နစ် မျော သွားကာ အထပ်ထပ် အခါခါ ကြည့် ရလောက် သော ပုံ မျိုး။

ဤ ခေါင်းစဉ် က ခံစားချက် နဲ့ ဆိုင်ပါတယ်။ ဘယ်လို ပုံ မျိုးက ကြည့် သူ နစ်မြော သွားစေနိုင်တဲ့ ပုံ ဆိုတာ ပုံသေ ပြော ရန် ခက်ပါမယ်။

 အောက် ပါ Repose နမူနာ ပုံများမှာ Photography in Repose နဲ့ ဆိုင်ရာ ဆိုင်ရာ အကြောင်းအရာ များအောက် မှ သင့်လျှော် မယ် လို့ ထင်တဲ့ ပုံများကို ရွေးကာ တင်ပြ ထားခြင်း ဖြစ်ပါတယ်။

 

Repose နမူနာ ပုံများ။

















7 - Infinity ( 10 Marks )

 

ပြ တဲ့ အတိုင်း မြင် နေရုံ တင်သာမက တွေးခေါ် စဉ်းစား ဘွယ်ရာ ပုံ မျိုး ဖြစ်ရပါမယ်။

 တစ်နည်း အားဖြင့် ကြည့်သူကို  ဘောင်သတ်ခါ ကြည့်စေ တာ မျိုး မဟုတ် ဘဲ ကို ပုံရဲ့ လိုင်းများ ၊ အရောင် များ ၊ အနေအထားများ က တစ်မျှော် တစ်ခေါ် ဆွဲ ခေါ် ကာ အတွေး ကို ကျယ်ပြန့် စွာ ဖြန့် ကျက် စဉ်းစား ကာ မြင် နိုင်ရလောက်သည့် ပုံ မျိုး ဖြစ်ရပါမယ်။

 အောက်ပါ နမူနာ ပုံများကို ကြည့်ပါ က ကြည့်သူရဲ့ စိတ် အလျှင်ကို Frame ပြင်ပ အထိ ဆွဲ ခေါ် သွားခြင်း ၊ ပုံ က ကြည့်သူ ရဲ့ အတွေးကို ဆွဲ ဆန့် ကာ တွေးဆ စေခြင်း တို့ ဖြစ်ပေါ် လာစေတဲ့ ပုံ များ လို့ ဆိုရပါမယ်။

 

 

 Infinity နမူနာ ပုံများ။





















8 -Title ( 5 Marks )

  ခေါင်းစဉ်

 

ပုံ ရဲ့ ခေါင်းစဉ် ဟာ ပုံ ကို စိတ်စား လာစေရန် ဝင် စားလာစေဘို့ လံှု့ ဆော် ပေးရန် လိုပါတယ်။

 မည်ကဲ့ သို့ ပုံ ကို မည် သို့ သော ခေါင်းစဉ် ပေးရမယ် ဆိုတာ ပြော ရန် အလွန်  ခက်ပါတယ်။  သက္ခထုပ္ပတ္တိ ဉာဏ် ရှိသလို မိမိ ဉာဏ် ကွန့် မြူးကာ ပေးကြ ရမှာ ဘဲ။

 အတိအကျ ပြော ရ ခက် လို့ ဓါတ်ပုံ ခေါင်းစဉ် ပေးတာ လည်း အရေးကြီးကြောင်း ရေးထားတဲ့ 121 Click ဆောင်းပါးတစ်ခု ထဲ က ပုံတွေ ကို ခေါင်းစဉ် ပေးထားတာ ကို နမူ နာ ပြ ပါမယ်။

 

  Discovery

  




 Superman




Life is Beautiful




Rush Hour

 



Silent Melody




I’m not afraid




Secret




She’ll be back




Alone in the Storm

 



Dragon Tree





Echoes of the unknown

 



Love you, Mom!



 

 

 အချုပ် စကား။

 

အထက် တွင် ပြောခဲ့ သလို  ဓါတ်ပုံ တွင်နည်းပညာ ပိုင်း ( Technical ) နဲ့ အနုပညာ ပိုင်း ( Artistic impression ) ဆိုတဲ့ အပိုင်း နှစ်ပိုင်း ရှိပါတယ် လို့ ကျွန်တော် မြင်ပါတယ်။

ငယ်စဉ် က အစဉ် ဖတ်ဖြစ်ခဲ့ တဲ့ မြဝတီ ဓါတ်ပုံ အကဲ ဖြတ် မှတ်ချက် တွေ မှာ “ ကြည်လင် ပြတ်သား မှုရှိတယ် ၊ ဆေးသား ကောင်းမွန် တယ် ၊ အရောင်  ပြေပြစ်တယ် “ စသည်ဖြင့်  Technical ပိုင်းဆိုင်ရာ မှတ် ချက်လိုမျိုး ကို တော့ တိတိ ကျကျ ပြော တာ တွေ့  ရပါတယ်။ ကြည့်သူ သို့ မဟုတ် ဆုံးဖြတ် သူ တွေ ဘယ် လို မှ ဝိဝါဒ ကွဲ နိုင်စရာ မရှိပါ။ သို့ ရာတွင် အနုပညာ ရဿ ဆိုင်ရာ ခံ စားချက် ကတော့ ဝိဝါဒ အမျိုးမျိုး ကွဲ နိုင်သည် မို့ အသေးစိတ် ရေးလေ့ မရှိသည် ကို သတိ ပြုမိ ပါတယ်။

ဓါတ်ပုံ ဆိုင်ရာ ဝေဘန် သုံးသတ် ချက် များကို သာ အစဉ် တစ်စိုက် ရေး လေ့ ရှိသည့် John Cosgrove, Rakesh Nawarni, Kate Cosgrove တို့ သည်လည်း  Technical များ ကို အဓိက ဝေဘန်သုံးသတ် စေကာမူ သူတို့  ခံစား ရ သည့် Artistical View များကိုလည်း  အနည်း အကျဉ်း ဖေါ်ပြ ရေးသားလေ့ ရှိသည် ကို တွေ့ ရပါတယ်။

အထက်ပါ ဖေါ်ပြပါ ဆောင်းပါးရှင်များ က သူတို့ ထံ ပေးပို့ တင်ပြ ထားတဲ့ ပုံ တစ်ပုံခြင်းစီ  အပေါ်  ဝေဘန် သုံးသတ် ထားတဲ့ ဆောင်း ပါး တွေ ကို လေ့လာ ဖတ်ရှု လိုပါက ယခု Blog ရဲ့ 2012, November  မှ စလို့  Photo Clinic (1) ကနေ Photo Clinic (  9    ) အထိ ဆောင်းပါး တစ်ခု ခြင်း အလိုက် ဘာသာပြန် ကာ ရေး ထား တဲ့ အတွက် ရှာဖွေ ဖတ်ရှု နိုင်ပါတယ်။

ဒါပေမဲ့အနုပညာ ပိုင်းဆိုင်ရာ ဖြစ်တဲ့ အထားအသိုလ်၊ ကြည့်တဲ့ လူ ရင်ထဲ စိမ့် ဝင်သွား အောင် ဆွဲခေါ် ကာ စကားပြော နိုင်တဲ့ ( Story telling) ပုံစံ စတာတွေ ကတော့ ပုဂ္ဂိုလ်တစ် ခြင်းစီ ရဲ့ ခံစား မှုနဲ့ ဆိုင် မယ် လို့ ထင်ပါတယ်။

ဥပမာ အားဖြင့် ပုံ တစ်ပုံကို ဓါတ်ပုံ ဆိုင်ရာမှာ ထင်ရှားတဲ့  အဖွဲ့ အစည်း တစ်ခု ‌ပေါ် ပို့ လိုက်ရာ မှာ Story telling ရှိတယ် လို့ အဲဒီအဖွဲ့ ကမှတ်ချက် ပေး  ပေမဲ့  အခြားအဖွဲ့ အစည်း တစ်ခု က  တော့ ပုံ မှာ မည်သည့် Story မှ မရှိ ဘူးလို့ သုံးသတ် ထားတာ တွေ လည်း ရှိပါတယ်။

 ဆိုလို တာက အနုပညာ ခံ စားမှု ဆိုတာ တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ အကြား အများ ကြီး ကွာနေ နိုင်ပါတယ်။


 ဓါတ်ပုံ ဆိုင်ရာ Rules ( ဥပဒေသ) တွေ ဟာ (Guiding ) ဆိုတဲ့ အညွှန်းသာ ဖြစ်တယ်။ အသေယူရမဲ့ ( Biding Rules ) တွေမဟုတ် ဘူးလို့ ဓါတ်ပုံ ပညာ ရှင် များက ဆိုပါတယ်။

 ဥပမာ အား ဖြင့် Rule of Thirds တို့ Golden Ratio တို့ လို Composition Rule တွေ ဟာ “ ကိုယ် ပြ လိုတဲ့ ပုံ ကိုအလယ် တည့်တည့် မှာ နေရာ ချထား တာ ထက် အဲဒီ Rule တွေ မှာပြ  ထားတဲ့ ဆုံမှတ်နေရာ တွေ မှာ Main Subject ကို နေရာ ချထားရင်  လူ ရဲ့ စိတ်သဘော သဘာဝအရ မျက်စေ့ ထဲ ပို ရောက်တယ် ၊ ပို ပြီး အာရုံသက်ရောက်မှု  ရှိတယ် လို့ သုတေသန မဟုတ်  စေကာမူ လူအများ ရဲ့ ခံစားမှု ကို လေ့လာကာ ရေးခဲ့ တဲ့ Rule တွေသာ  ဖြစ်ပါတယ်။

ဒီ Rule တွေ အတိုင်း မဟုတ်တဲ့ ပုံတွေ လည်း တစ်ပုံ ကြီး တွေ့ ဘူးပါတယ်။

Rule တွေ ကို သွေ ဖည် ရန် ပြော နေခြင်း မဟုတ်ပါ။ ဥပဒေ သ တွေ ကို လှေနံ ဓါးထစ် အသေ ယူလို့ မရ တဲ့ အကျပ် အတည်း  အခြေ အနေ တွေ မှာ ဒီ  Rule တွ ရဲ့ အချုပ် အနှောင်ထဲ မှာ ပိတ် မိ ခံနေရ တဲ့ အဖြစ်မျိုး မရောက် ဘို့ အတွက် ပြောရ ခြင်းသာ ဖြစ်ပါတယ်။


အောက် မှာ ဥပမာ  ပြ ထားတဲ့ Window 10 Screen Background ပုံ များ ကို ကြည့် ပါက အထက် က ပြော ခဲ့ တဲ့ ဥပဒေ တွေ အတိုင်း မဟုတ် ဘဲ Main Subject ဟာ အလယ် မှာ ရောက်နေတာ တွေ့ ပါမယ်။ ဒီလို ထားရင် ပုံ ပို အားကောင်း လို့ အလယ် မှာ ထား တာ ဖြစ်ပါ တယ်။  

အောက်မှာ ပထမ ဉီး ဆုံး တွေ့ တဲ့ Lavender ပန်း ခင်း ပုံ ကိုကြည့် ရင် Leading Line နဲ့ Hot Air Balloon  တို့ ကို ချိန် ကိုက် ထားတာ သိသာ နိုင်ပါတယ်။ စိတ်ကူးနဲ့ Hot Air Balloon  ကို နေရာ ‌ရွှ့ ကြည့်ပါ ပုံ ရဲ့ Compact ဘယ်လို  ဖြစ်လာမလဲ ဆိုတာ ကို သိ လာ ပါ လိမ့် မယ်။  


ဒီလို အနေ အထားရှိတဲ့ ပုံ များကို Rule of Thirds တို့ Golden Ratio  တို့ ရဲ့ ဆုံ မှတ် ( Coordinate ) ထဲ အတင်း သွတ် သွင်း လို့ ဘယ် လို မှ အဆင်ပြေ မှာ မဟုတ်ပါ။










 အကယ်လို့ ခေတ်ကာလ တွေ ကြာလာ လို့ ပုံ ကို အလယ် တည့်တည့် မှာ ထားရင် ပို လာရုံ စိုက် လာမဲ့ လူ တွေ ရဲ့ အကြိုက် ပြောင်း လာရင် ( Rule of Center ) ပေါ် လာဦးမှာ ပါဘဲ။

 

ဒီလိုပါဘဲ Portrait ဆရာ များအနေနဲ့ လူ ပုံ တစ်ပုံ ရဲ့ မျက်လုံး အနေအထား  ဘယ်လို ရှိရမယ် ၊ ပါးစပ် က ဘယ်လို အနေ အထား ၊ မေးစေ့ က မည်သို့ မည် ပုံ Angle ၊ နှာခေါင်း အနေ အထား မမှန်ရင် Subject ရဲ့ တစ်ဘက်က ပါး ကို ကွယ်သွား နိုင်တဲ့ အမှား များ ၊ များစွာ သိမ်မွေ့ လှတဲ့ Model ရဲ့ ကိုယ်ဟန် အနေ အထားရဲ့ အမှန် အမှား ၊ စသည် ဖြင့် သာမန် ကြည့်သူ များ သတိ မထားမိတဲ့  အချက် တွေ အပြင် လင်း ရောင် ပေးမှု မည်သို့ မည်ပုံ ပေးရမယ် စတဲ့ သတိထားရမဲ့ အချက် တွေ များစွာ ရှိကြောင်း မိတ်ဆွေကြီး Portrait ဆရာ ကိုမြင့်အောင် ( Myint Aung Nonstop ) က ကျွန်တော့် ကို ပြောဘူးပါတယ်။

 

တစ်ခါက Portrait Lighting ကို လက်တွေ့ လေ့လာ လို သဖြင့် ကိုမြင့်အောင် ရဲ့ Valentine Studio ကို လိုက် လေ့ လာကြည့်ရာ Portrait Lighting ဟာ ကျွန်တော် ထင်တာထက် များစွာ ခက်ခဲ နက်နဲ တာကို တွေ့ မြင်လာရပါတယ်။

မိမိ ရိုက်မဲ့ ပုံ ကို လိုသလို ရုပ်လုံး ကြွ လာစေဘို့ ပေးလိုက်ရတဲ့ Lighting တွေဟာ ပညာ ရော ပစ္စည်း ပါ မနည်း လှပါ။ ဒီလို Portrait ဘာသာ ရပ်မှာ Effective Lighting  ကို အကဲ ဖြတ် ရင် ကိုမြင့်အောင် တို့လို  Portrait ဆရာတွေ ဘဲ အထိရောက်ဆုံး အကဲ ဖြတ် နိုင် မယ် ထင်ပါတယ်။


အလားတူပင် Bird in Flight ရိုက် တဲ့ အခါ မှာ လည်း ငှက် ရဲ့ Flight Path, Shooting angle and Bird's Position, Wing Position, Freezing style of flipping wing tips, Clarity and Brightness Spot of eyes, Difficulties of the shooting situations စသည် စသည် ဖြင့် Bird in Flight ပုံကောင်း တစ်ပုံ မှာ ရှိရမဲ့ အချက် တွေ ကို သတ် မှတ် ထားပါတယ်။

ပု၈္ဂိုလ် တစ်ဦး ၊ ဆရာ တစ်ဦးဟာ သူ သန်ရာ သန်ရာ ကို အသေး  စိတ် သိနိုင် ပေမဲ့  ဒီလို ကျယ်ပြန့် လှတဲ့ အခြားသော ဘာသာရပ်တွေ တွေကိုတော့ ယေဘူယျ သဘော လောက်သာ သိနိုင် ကောင်းသိနိုင်ပါမယ်။ သက်ဆိုင်ရာ သက်ဆိုင်ရာ နယ်ပါယ်က ပုဂ္ဂိုလ် တွေ လောက် ထဲထဲ ဝင်ဝင် သိနိုင်ဘွယ်ရာ ရှိနိုင်မယ် မထင်ပါ။

 

တစ်ခါ က Bird photographer မိတ်ဆွေ တစ်ဦး ဟာ Bird Photographer တွေ အမြင်အရ အလွန် ရခဲ ပြီး ဓါတ်ပုံ သဘော အရ လည်း အပြစ် အတော်ကင်း တဲ့ ပုံ တစ်ပုံ ကို သာမန်  ပြိုင်ပွဲ တစ်ခု ကို ပို့ လိုက်ရာ ဘာဆု မှ မရ လိုက်ပါ။

 

  

သို့ သော်  Nature Category ရဲ့ ပုံကောင်း တစ်ပုံ ဖြစ်တယ် ဆိုတာ သိလို့ ဓါတ်ပုံ ဆိုင်ရာ မှာ သြဇာ ကြီး တဲ့ ပြိုင်ပွဲ ကြီး တစ်ခု ကို ပို့ လိုက် ရာ ဆု ရ ခဲ့ပါတယ်။

 

အနပညာ ကို ခံစားတာ နဲ့ ပတ်သက် လို့ ကွဲပြား မှု  ရှိနိုင်တယ် ဆိုတာကို နမူနာ ပြတာပါ။ မည်သူ မှားတယ် မည်သူ မှန် လို့ ဆိုလိုခြင်း မဟုတ်ပါ။

 

ပုံ တစ်ပုံ ကို အကဲဖြတ် တာနဲ့ ပတ်သက် လို့ အကျယ် ချဲ့ ပြော ရရင်  အောက်ပါ  ပုံ ကဲ့ သို့ ပုံ တစ်ပုံ ရဲ့ Negative space ကို Subject ရဲ့ ရှေ့ မှာ အ မြင် လွတ်လပ် အောင် ဖွင့် ပေး တဲ့ လှပ တဲ့ Breathing Space လို့ မြင်သူ ရှိ သလို  ၊  အလဟသ နေရာ  ( Waste space ) လို့ ယူ ဆတာ တဲ့ သူ  မျိုး  လည်း ရှိပါတယ်။

 

 


 

  ပုံ တစ်ပုံ ထည်းမှာ ပင် အဓိက Subjective ကို အရံ ပုံ များက ပံ့ ပိုးပေး ထား တာ  ကောင်း တဲ့ Compliment to the Subject  ဆိုပြီး ဒီအချက် ကို  အားသာ ချက် အဖြစ် အကဲဖြတ် တာမျိုး လည်း တွေ့ ဘူးပါတယ်။

 

 

ပုံ တစ် ပုံ အတွင်း ဘယ်လို သော Elements တွေ ထည့် ပြီး ဖွဲ့ စည်း ထားသလဲ ၊ လိုနေတာ ရှိနေ သလား ၊ Elements တွေ ပိုနေတာ လား ၊  ပုံ ရဲ့  Visual appeal ကို ပံ့ပိုး ပေးတဲ့  Frame အတွင်း Elements အချိုး ညီ မှု ( Equal visual weight )  ရှိမရှိ ဆိုတဲ့ Balance   စသည်...စသည် ဖြင့် ပုံ တစ်ပုံ နဲ့ ပတ်သက် လို့ အကဲ ဖြတ် နိုင်တဲ့ အကြောင်း အရာ တွေ အများကြီး ရှိပါတယ်။

 

 

 

ပုံတစ်ပုံ ကို  သာမန် တွေ့ဘူးနေကျ ဥပဒေသ များစွာ အပြင် အောက်ပါ ပုံများကဲ့ သို့ Triangle Rule ကို အခြေ ခံ တဲ့ Diagonals Rule နဲ့  နေရာ ချထား ကာ ဖွဲ့စည်း ထားတဲ့ Composition ကို အားသန် သူများအနေနဲ့ ဒီ Rule ဘက်ကို လု ကာ အကဲ ဖြတ် နိုင် မယ် ထင်ပါတယ်။

 

 









 အကဲဖြတ် နိုင်တဲ့ အချက် အလက်  အကြောင်း အရာ တွေ ဆက်ပြော ရရင် ကုန်နိုင်မယ် မထင်ပါ။

 

ဒီ လို မူ အမျိုး မျိုး အကဲဖြတ် ကောက်ချက် အမျိုးမျိုး ရှိ နေတာ နဲ့ ပတ်သက်လို့  လက်လှမ်း  မှီရာ ဖတ်ရှု လေ့ လာတဲ့ အထဲ မှ ဓါတ်ပုံ အကဲ ဖြတ် ခြင်းဆိုင်ရာ ဆောင်းပါး တစ် ပုဒ် ဖြစ်တဲ့ Jennifer Hibbs ရဲ့ Criteria for Judging a Photo ဆောင်းပါး ပါအချက် အချို့ ကို ကောက်နှုတ် ဖေါ် ပြ ပါမယ် -

 

 

Jennifer Hibbs က ဓါတ်ပုံ အကဲ ဖြတ် ခြင်း ဆိုင်ရာမူ (Criteria) များ ဟာ အောက် ပါ အချက် တွေ ဖြစ်ကြောင်း ယခင် က ရေးခဲ့ ပြီး ဖြစ် ပါတယ် လို့ ဆိုပါတယ်။

 

·       Adherence/Appropriateness to Theme

·       Uniqueness of Concept

·       Originality

·       Clarity of Expression

·       Humor

·       Creativity

·       Artistic Approach

·       Innovative Means of Delivering Message

·       Entertainment Quality

·       Visual Design

·       Difficulty

·       Overall Artistic Impression

·       Composition

·       Clarity and Quality of Submission

·       Color, Lighting, Exposure and Focus

·       Audience Appeal

 

သို့ ရာ တွင် ယခုနောက်ပိုင်း ကာလတွေမှာတော့ ဓါတ်ပုံဟာ စီးပွားရေး နယ်ပါယ် အတွင်း ကျယ်ပြန့် စွာရောက် လာ တဲ့ အတွက် ဓါတ်ပုံ အကဲ ဖြတ် ခြင်းဆိုင်ရာ Criteria ဟာ အောက်  ပါအတိုင်း ပြောင်း လဲ လာ တယ်လို့ ဆိုပါတယ်။

·       Marketability/Commercial Appeal

·       Newsworthiness

·       Inspirational Power

·       Expression of Theme

·       Usage of Brand to Reinforce Theme

·       Overall Impression/Impact

·       Current/Potential Social Impact

·       Level of Detail

·       Inspiration to Others

·       Wow! Factor

·       Memorable

·       Technical Execution

·       Visual Appeal

·       Artistic Merit

 

 ဤ ကဲ့သို့ အကဲ ဖြတ်သည့် “ စံ “ များ စွာ ရှိသည့် အနက် မှ Jennifer Hibbs ခြုံငုံဖေါ်ပြ ထားတဲ့ ဒိုင် များစဉ်း လေ့ ရှိတဲ့  ယေဘူယျ “စံ” အချက် အချို့ ကို အကျဉ်း  ချုပ် ကာ ဖေါ်ပြ ပါမယ်။

Artistic impression.

-          ပုံ တစ်ပုံဟာ ပြိုင်ပွဲ ရဲ့ Official Rule များဖြစ်တဲ့ Entry Limitations, Judging Criteria, required Releases and more, specifically the Entry Content, Creative and Technical Requirements တို့နဲ့ ကိုက်ညီ သလား၊

 

 

-          Impact – ပုံဟာ ကြည့် သူ မြင်လိုက် ရုံ မျှ နဲ့ ဖမ်းစား နိုင်သလား၊

-          Creativity – ရိုက်ကူးသူ အနေနဲ့ သူ့ ရဲ့ စိတ် ကူး နဲ့ ပေးလို တဲ့ Message

          ကို ပေးနိုင်ရဲ့ လား၊

-          Style – ရိုက်ကူးတဲ့ သူ အနေနဲ့ ကြည့်သူ ကို လွမ်းမိုး နိုင် ဘို့ အတွက် ပုံ ဖြင့် သူ့ ရဲ့ personal originality and technique ဖြင့် ပုံဖေါ် နိုင်ရဲ့ လား၊

-          Subject Matter – ပုံ က အကြောင်း အရာ နဲ့ ဘောင်ဝင်ရဲ့လား၊

-          Story Telling – ကြည့်သူ အနေနဲ့ပြ ထားတဲ့ ပုံ အတွင်း ဝင်ရောက် သွားသကဲ့သို့ နစ်မြော သွားစေ နိုင်သလား

စတဲ့ အနုပညာ ဆိုင်ရာ Artistic impression တို့ အပြင် အောက်ပါ Technical matter တွေ ကိုပါ ကြည့်ပါလိမ့်မယ်။

Technical matter.

-          Technique – ပုံ ကို ဖန်တည်း တဲ့ approach, Printing, lighting, posing, capture, presentation media, and more are part of the technique applied to an image ဘယ်လောက် အားကောင်း သလဲ။

 -          Composition – Visual elements တွေ အားလုံး အချိုးကျ မျှတ အောင် ဘယ်လို ဖေါ် ဆောင် ထားသလဲ။ ပုံ ရဲ့ အဓိက ပြ လိုတဲ့ အချက် ရောက် အောင် ကြည့်သူ အား ဆွဲ ခေါ် သွားနိုင်သလား။

 -          Presentation – Finishing touches လုပ် ဘို့ ကျန်နေသေးလား။

 

-          Color Balance – Color, Tone Work တွေဟာ ပုံ ကို အထောက် အပံ့ ဖြစ်စေရဲ့လား ၊ ( Color Balance is not always harmonious and can be used to evoke diverse feelings for effect.)

 -          Center of Interest – အဓိက အာရုံ ထိထိမိမိ ကျရောက် စေမဲ့ - Center of Interest –  (CoI ) ပါ ရဲ့ လား၊ တစ်ခု ထက် ပို လား ၊ ဒါမှ မဟုတ် တစ်ခု မှ မပါ ဘူး လား ၊

 -          Lighting — သဘာ၀ အလင်း ဖြစ်စေ၊ ဆင်ထားတဲ့ အလင်း ဖြစ်စေ ဒီ Lighting တွေ ကို ထိထိ ရောက်ရောက် သုံး နိုင်ရဲ့လား၊

 -          Wow! Factor – Wow ကနဲ ပါးစပ်ဟောင်းလောင်း ပွင့် သွား ရ လောက်တဲ့ အနေ အထားမျိုး ရှိရဲ့လား။

ဒါ တွေ ကို ကြည့် လေ့ ရှိတယ် လို့ ရေးထားတာ များ ကို  အချုပ် ကောက်နှုတ် ဖေါ်ပြ လိုပါတယ်။

 

ဒိနေရာ မှာဓါတ်ပုံ တစ်ပုံ မှာ  အရေးပါတဲ့  Story Telling အကြောင်း ပြော လိုပါတယ်။

မြန်မာ လို တိုက်ရိုက်ပြန်ရင် “ စကားပြောနေတဲ ပုံ “ တစ်နည်း  အားဖြင့် ပုံ ကကြည့် သူကို  သူ့ Frame အတွင်း ဆွဲသွင်းကာ သူ ပြ လိုတာကို  ရင်ထဲ စွဲ  သွားအောင် ပြ နိုင်တဲ့ ပုံ လို့ ဆိုရပါမယ်။

 

ဒါနဲ့ ပတ်သက်လို့ ဓါတ်ပုံ ဆရာ Elliot Lee ပြောတာ လေးကို ဖေါ်ပြ လိုပါတယ်-

“ Every picture has a story to tell, a story in which I try to immerse my audience – taking people into a scene and allowing them to feel as if they are right there in that very moment. “  လို့ လိုရင်း တို ရှင်း ရေး ထား တာကို သဘောကျ မိပါတယ်။

“ ပုံတိုင်းမှာ ပြော စရာ Story ရှိတယ် ၊ သူ့ အနေနဲ့ ကတော့ ကြည့်သူကို  ပုံ အတွင်းဆွဲ  ခေါ်သွားကာ ထိုခန အတွင်း မှာ  အဲဒီနေရာ  ရောက် နေသကဲ့  သို့ ခံစား  ရအောင် လုပ်လိုက်တာပါဘဲ “ … လို့ ဆိုတာပါ။


 Story telling ပုံတွေ များစွာ ရှိပါမယ်။ သို့ ရာတွင် အောက်ပါ ပုံ တစ်ပုံ ကို နမူနာ ပြ လိုပါတယ်။ ဆောင်းပါးရှင် Vinny O’Hare ရဲ့ Story telling ပုံ များအကြောင်း ထဲ က ကောက်နှုတ် ထား တာပါ။

  


 

 Vinny O’Hare က  အထက်ပါ ပုံ နဲ့ ပတ်သက်လို့  အောက်ပါအတိုင်း ရှင်းပြ ထား ပါတယ် -

 “ ကျွန်တော် World Trade Center မှာ ပြု လုပ် တဲ့ မီး ရောင်စုံ ထိုးပွဲ ကို  ဓါတ်ပုံ ရိုက် ဘို့  မသွား မှီ Battery Park သို့ ခေတ္တ မျှ ဝင်လိုက် ပါတယ်။ အချိန် က နေဝင် ဖြိုးဖြ အချိန် ဖြစ်ပါတယ်။

ထိုအချိန် မှာ မျိုးငယ်တစ်ဦးဟာ နေဝင်စပြုနေသည့် Ellis Island ကို ဓါတ်ပုံရိုက် နေ တာကို  တွေ့လိုက်ရပါတယ်။ နေဝင်လု ဆဲဆဲ အချိန် မှာ ကျွန်တော် သူ့  ကို ဓါတ်ပုံ တစ်ပုံ ရိုက်လိုက်ပါတယ်။

 အဆိုပါ မိန်းခလေး ဟာ နေဝင် နေတာ ကို ဓါတ်ပုံ ရိုက်နေတယ် ဆို သော် လည်း  သူဟာ နေကို မကြည့် ဘဲ တစ်ဘက် ကမ်းက Ellis Island ကိုသာ တွေေ၀ ငေးမော ကာ ကြည့်နေပါတယ်။

  ကျွန်တော်  သူ့ကို ဓါတ်ပုံ ရိုက်စေကာမူ ဓါတ်ပုံ ထက် သူ ဘာတွေများ  စဉ်းစား နေပါ လိမ့် ၊ Ellis Island ဟာ သူ့ ဘိုးဘွား မိဘ ဆွေမျိုး တွေများနေခဲ့ တဲ့  နေရာ ဖြစ်လို့ အလွမ်း နဲ့ ကြည့် နေတာ လေလား ၊ သို့ တည်းမဟုတ် မည် သို့သော အဆွေး ဓါတ်ခံ  ရှိနေ သလဲ စသည်ဖြင့် အတွေး   များ က စိုးမိုး လျှက်ရှိပါ တယ်။  ပုံ အတွင်းရှိ Subject ရဲ့ အသွင် အပြင် က ကြည့် သူ ဖြစ်သော ကျွန်တော့် ကို  ခံစား မှု အတွေ များစွာ ပေးနေပါတယ် ။ 

 လို့ အထက်ပါ ပုံ က ပြော တဲ့ Story ကို ရှင်းပြ ထားပါတယ်။

 

 ဒီ ပုံ ကိုဘဲ သူခံစားမိတဲ့ ခံစားမှု ရာနှုန်းပြည့် အခြား သူတွေ က ခံစား နိုင်ကြသလား ဆိုတာကိုတော့ ယတိပြတ် ပြော ရန် ခက်ပါမယ်။ စိတ္တဇ ပန်းချီ ကို ခံစား အဓိပ္ပါယ် ဖွင့် သလို လည်း  ဖြစ်နိင်ပါတယ်။

 အထက် မှာ ဆိုကဲ့သလို  ပုံ တစ်ပုံ ကို အကဲဖြတ်ရာ မှာ သံတူ ကြောင်းကွဲ  မြောက်များစွာသော Criteria တွေ၊ အမြင်တွေ ၊ ကောက်ချက် တွေ၊ အကဲ ဖြတ် ချက် တွေ ရှိနိုင်ပါတယ်။

 သို့သော် အခု အထက်မှာ ဖေါ်ပြ ခဲ့တဲ့ S D Johar ရဲ့  အမှတ်ပေး ဇယား ပါ အချက် တွေ ကတော့ အခြေ ခံ အချက် တွေ လို့ ဆိုရပါမယ်။

 

ကိုယ်သဘော ကျ ဖန် တည်း လို ရင် တော့  အမေရိကန် က ကမ္ဘာ ကျော် ဂေါက်သီး ဆရာ  “ Jack Nicklaus “ ပြော တဲ့  “ Golf my Way “ ဆို တာ လို ….

ဓါတ်ပုံ ကိုလည်း ကိုယ့်သဘော နဲ့ ကိုယ် ၊ ကိုယ့်စိတ် ကြိုက် ဖန်တည်း တဲ့ “ Photo my Way “ အတိုင်း ရိုက်နိုင်ပါတယ်။

သို့ရာတွင် ပြိုင်ပွဲ ကာ   ဆုရလိုပါ က ကိုယ်ကြိုက်သလို ထင်သလို လုပ်လို့ မရဘဲ  ပြိုင်ပွဲ က အကဲ ဖြတ် ရန် သတ်မှတ် ထားတဲ့ Rules တွေ အတိုင်း ဘောင် ဝင် အောင် ဆောင်ရွက်ကြ ရမှာဖြစ် ပါဘဲ။

ဒိုင် တွေ က လည်း သူတို့ သတ်မှတ် ထားတဲ့ Rules တွေ နဲ့ ဘဲ စံ ထိုး ဆုံး ဖြ တ် ကြမှာ ပါဘဲ။

 အခု မှတ်စုကတော့ မန္တလေး ကိုစိုးလှိုင် ရဲ့  Post ကို အခြေ ခံကာ အကဲဖြတ်ခြင်း ဆိုင်ရာ အရူးလွယ် အိပ် လို ထွေ ရာ သောင်းပြောင်း  မှတ်စု လေးသာ ဖြစ်ပါတယ်။

 

---------------------------------------------------------