Thursday 30 October 2014

Canon 7D Mark II




(79) – Canon 7D Mark II                               ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၉)

 

ကျွန်တော် စိတ်ဝင်စား သည့် ကင်မရာ တစ်လုံး

( Canon 7D Mark II )

 

 

စကားဦး

ဤ မှတ်စု ကို ကနဦး တွင် “  အတော် အသုံး တည့်သည့် ကင်မရာ တစ်လုံး “ စသည့် သဘော ဆောင် သော ခေါင်းစဉ် ပေး ရန် စိတ်ကူး ခဲ့ မိပါသည်။ သို့ ရာ တွင် ကင်မရာ ကို သုံးစွဲ ရာ တွင် အထူး ပြု ရိုက်ကြသည့် အပေါ် မူ တည်၍ တစ်ဦး နှင့် အကြိုက်ခြင်း မတူနိုင်သော ကြောင့် ကျွန်တော်စိတ်ဝင်စားသည့် ကင်မရာ တစ်လုံး ဟူ၍ ပြောင်း ကာ အမည် ပေး လိုက် ခြင်း ဖြစ်ပါသည်။

 

အဆိုပါ ကင်မရာမှာ  လာမည့် နိုဝင်ဘာ လအတွင်း ထွက် မည် Canon 7D Mark II  ဖြစ်သည်။ ဤ ကင် မရာ လာမည့် နိုဝင်ဘာလ တွင် ထွက် မည့် အကြောင်း ကို ကျွန်တော် နှင့် ငှက် များကို အတူ တစ်ကွ ဓါတ်ပုံ ရိုက် သည့် Canon ကင်မရာ သုံး သူ မိတ်ဆွေ တစ်ဦး ပြောမှ ကျွန်တော် သည်လည်း သိရ ခြင်း ဖြစ်ပါသည်။ သူက လည်း အဆိုပါ Canon 7D Mark II  ကိုဝယ်ရန် တာစူနေသူ ဖြစ်သည်။

 

အဆိုပါ မိတ်တွေ အပါအ၀င် ကျွန်တော် တို့ ကဲ့ သို့  ငှက် ရိုက်သူများ  ကြိုက် ရ ခြင်း မှာ အဆိုပါ ကင်မရာသည် APS-C ကင်မရာ ဖြစ်ပြီး 22.2 Megapixel  ဖြစ်ကာ Frame Advance Rate – 10 Frame/Sec ဖြစ် သောကြောင့် ဖြစ်ပါသည်။

 

ကျွန်တော် တို့ သည် ပျံ နေသော ငှက် ၊ အထူး သဖြင့် အမြင့် မှ ရေ ထဲ သို့ ဒိုက်ဗင် ထိုးကာ ငါး ဖမ်းသည့် Kingfisher များကို ဓါတ်ပုံ ရိုက် နေကြသူများ ဖြစ်သော ကြောင့် ဖြစ်ပါသည်။

 

Wildlife ရိုက်ရာ တွင် APS-C ၏ အားသာ ချက်။

 

ငှက် အပါအ၀င် Wildlife ရိုက် ရာ တွင် Long Tele Lens များ သုံးကြ ရပါသည်။ သာမန် အပျော် ထမ်း ရိုက် သူများ အနေနှင့် ဒေါ်လာ သောင်း ဂဏန်း ကျော် ဈေးကြီးလှ သည့် Nikon, Canon စသည့် နံ မည် ကြီး Original Lens များကို မသုံးနိုင် ကြဘဲ Sigma, Tamron စသည့် Third Party Long Tele Lens များကို သုံး ကြရပါသည်။ Tamron 150-600mm မပေါ် မှီ က အဖိုးနည်း ၀န်ပါ အများဆုံး သုံးကြ သည်မှာ Sigma 150-500mm ဖြစ်သည်။

 

သို့ သော် ငှက် လှုပ်ရှားသည့် နေရာသည် ကင်မရာ နှင့် အလှမ်း ဝေး သည့် အချိန် မျိုး တွင် မူ  Focal Length 500mm သည် သိတ် အဆင်မပြေလှ ။  Subject သည် ပုံထွက် သေး နေ သည်။  အမြင့်တန်း ကင်မရာ များ ဖြစ်သည့် Full Frame ဖြင့် ရိုက်သူများ မှာ တစ်ခါ တစ်ရံ တွင် ၄င်း တို့၏ Prime Focal Length 600mm Lens သည်ပင် မမှီ သဖြင့် Teleconverter 1.4X မှ 2X အထိ တပ် ရိုက် ရသည် အခါများ လည်း ရှိပါသည်။

 

အဆိုပါ အခြေ အနေ မျိုး တွင် Full Frame ကင်မရာ အစား APS-C ကင်မရာ ကို သုံးပါက Crop Factor ကြောင့် Focal Length ပို ရှည်ရှည် ရလာသည်။ Full Frame နှင့် APS-C တို့၏ ပုံ ထွက် ကွာ ခြားချက် များ မှာ မူ ရှိသင့် သလောက် တော့ ရှိပါသည်။ သို့ သော် ပုံ ကြီးကြီး ရ သဖြင့် Crop လုပ်ရန် သိပ် မလိုလှ။

 

ဥပမာ အား ဖြင့် Focal Length 500mm ကို Canon APS-C ကင်မရာ တွင် တပ်လိုက် ပါက Canon Crop Factor သည် ( 1.6 X ) ဖြစ်သောကြာင့် Focal Length 500mm သည် ( 500mm X 1.6 = 800mm ) ဖြစ်လာသည်။ Nikon တွင် မူ Nikon Crop Factor သည် ( 1.5 X ) ဖြစ်သည့်အတွက် Focal Length သည် ( 500mm X 1.5 = 750mm ) ဖြစ်လာသည်။

 

ကျွန်တော်သည်လည်း ငှက် နှင့် အလှမ်း ဝေးသည့် နေရာ များတွင် Full Frame အစား APS-C ဖြစ်သည့် Nikon D 7100 တွင် Tamron 150-600mm ကို တပ် ရိုက်ရပါသည်။ ထိုအချိန် တွင် 600mm သည် 35mm ( Full Frame ) equivalent ( 600mm X 1.5 = 900mm ) ဖြစ်လာသည်။ Frame Advance Rate သည် 6-Frame/ Sec ဖြစ်သည်။

 

သို့ သော် ပုံ ကို ပို ကြီးကြီး  ရလာပြီး ပို မြန်မြန် ရိုက် ရန် လိုသည့် အခြေ အနေ မျိုး တွင် D 7100 ၏ 1.3 Crop Option ကို သုံး ပါသည်။ အဆိုပါ အချိန် တွင် Focal Length သည် ( 900mm X 1.3 = 1170mm ) သည်။ Frame Advance Rate သည် 7-Frame/ Sec ရလာသည်။

 

အမြန် ပျံသန်း လှုပ်ရှားနေသည့် ငှက်များကို ရိုက် ကြသည့် ကျွန်တော် တို့  တစ်တွေ သည် Focal Length ရှည် ရှည် ၊ Frame Advance Rate မြန်မြန် နှင့်  အလင်းရောင် နည်း ပါက Shutter Speed  မြန်မြန် တင်ရိုက် နိုင်ရေး အတွက် ISO မြင့် မြင့် တင်နိုင်သည့် ကင်မရာများ ကို လို ခြင်ကြပါသည်။

 

အကြောင်း မှာ သာမန် အားဖြင့် Shutter Speed 1/2000 အထက် နှင့် တစ်စက္ကန့် (၉) ပုံ ခန့် ရိုက်လို ကြသည့် အတွက် ဖြစ်ပါသည်။

 

အောက်ဖေါ် ပြ ပါ Canon EOS 7D Mark II key specifications  များကို ကြည့်  ခြင်း အားဖြင့် ကျွန်တော် အပါအ၀င် လျှင်မြန်စွာ ပျံနေသည့် ငှက်များ ကို ရိုက်နေသူ များ အတော် သဘောကျ သည် ကင်မရာ ဖြစ်နေပါသည်။

 

လျှင်မြန်စွာ ပျံနေသည့် ငှက်များ ကို ရိုက်နေသူ များ - ဟု ဆိုခြင်း မှာ အချို့  သော ငှက် ကို ဓါတ်ပုံ ရိုက်သူများသည် များသောအားဖြင့် ပျံ နေသည့် ငှက် ကို ရိုက် ခြင်း နည်း ကာ နားနေသည့် ငှက် ကို မှတ်တမ်း ( Documentary ) အဖြစ် အဓိက ထား ရိုက် နေသူများ လည်း ရှိသောကြောင့် ဖြစ်ပါသည်။

 

အဆိုပါဓါတ်ပုံ သမား များ အနေနှင့်မူ Frame Advance Rate နည်းနေစေကာမူ Nikon D 800 ကဲ့ သို့ 36 MP ရှိသော Pixels  များများ ဖြင့် ရိုက် ကြသည့် အတွက် ဖြစ်ပါသည်။

 

 

The Canon EOS 7D Mark II

 

The Canon EOS 7D Mark II သည် ၂၀၀၉ ခု နှစ်က ထုတ် ခဲ့သော Canon 7D ကို တစ်ဆင့် တက် ကာ အစားထိုး ထုတ် ခြင်း ဖြစ်သည်။ Nikon APS-C တွင် D 7100 သည် Flagship ဖြစ်သကဲ့ သို့ Canon APS-C တွင် 7D Mark II သည် Flagship ဖြစ်သည်။

 


Canon EOS 7D Mark II
 
 
 
 
Back View.
 
 
 
Side View
 
 
Side View
 
 
 
 
 
Canon EOS 7D Mark II key specifications:
  • 20MP Dual-Pixel AF CMOS Sensor
  • 10 fps continuous shooting with autofocus
  • 65 all cross-type autofocus sensor
  • 150,000 RGB + IR pixel metering sensor
  • Dual Digic 6 processors
  • Enhanced environmental sealing
  • Compact Flash (UDMA) and SD (UHS-I) slots
  • USB 3.0
  • Built-in GPS
  • Larger-capacity LP-E6N battery
  • Shutter speeds up to 1/8000th seconds
  • Shutter rated to 200,000 cycles (vs 150,000 on 7D)
 
ကျွန်တော် တို့ ကြိုက်သည့် အဓိက အချက်များ။
 
20 MP သည် ကျွန်တော် တို့  အတွက် အတော် လုံလောက် သည့် Pixels Count ဖြစ်ပါသည်။  Frame Advance Rate 10-Frame/Sec သည် ကျွန်တော် တို့ ငှက် Tracking တွင် လည်း အတော် လုံလောက် Continuous High Speed  Rate ဖြစ်ပါသည်။
 
အခြား အချက် တစ် ရပ်မှာ APS- C ဖြစ်သည့် အတွက် Crop Factor အရ Teleconverter ခံ ရန် မလိုဘဲ Focal length  ပို ရှည် ရှည် ရ သောကြောင့် ဖြစ်ပါသည်။
 
ကျွန်တော် တို့  အတွက် အမြန်ပျံ နေသည့် ငှက် ကို Tracking လုပ်ရာ တွင် Focus မြန်မြန် မိ ရန်လိုသည်။ Lens ၏ Focusing မြန်ရန် လိုသကဲ့ သို့ ကင်မရာ တွင် တပ်ဆင်ထားသည့် Focus Processing ဆိုင်ရာ အပိုင်း များကလည်း  မြန်မြန် Process လုပ် ပေးရန် လိုသည်။
 
အခြား အချက် တစ်ချက် မှာ ISO မည် မျှ ထိန်း နိုင် သနည်း ဆိုသည့် အချက် ဖြစ်သည် ။ Canon EOS 7D Mark II သည် ISO 100 မှ 16,000 and  expandable to 51,200 ဖြစ်သည် ဟု Specification များ တွင် တွေ့ရသည်။ သည်လောက် ဆိုလျှင် ကျွန်တော် တို့ အဆင်ပြေပြီ ဖြစ်သည်။
 
Canon EOS 7D Mark II     Autofocus Module သည် Center double-cross -Type 65-Point AF –Module ဖြစ်သည်။ အဆိုပါ Module သည် 150,000-Pixel RGB IP Metering Sensor ဖြင့် ချိတ်ဆက်ထားသည်။ Intelligent Tracking and Recognition' (iTR) ဖြစ်သည့် Cross-Type 65-Point AF System သည် ကျွန်တော် တို့ ရိုက် သည့် အမြန် လှုပ်ရှားနေသည့် Subject ကို Tracking လုပ်ရာ တွင် များစွာ အထောက် အကူ ဖြစ်စေသော စနစ် ဖြစ်သည်။
 
Shutter Release Bottom  ကို တစ်ဝက် နှိပ်ပြီး Initial Focus Point ကို ဖမ်း လိုက်သည်နှင့်သာမန် စနစ် များထက်  Frame အတွင်း ရွှေ့ လျှား နေမည့်  Subject ကို ပို၍ တိကျစွာ Focus ဖမ်း နိုင် မည် ဖြစ်သည် ဟု Review များတွင် ဖတ်ရ သည်။
 
Review များ တွင် အခြားသော အားသာ ချက် များစွာ ရေးသား ထားသည်ကို ဖတ် မိ ပါသော်လည်း ကျွန်တော် ကြိုက် သည့် အချက် များကိုသာ ထုတ် ကာ ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။
 
 
 
 
 
 
 
 
 
Sensor
Review တစ်ချို့၏ အဆိုအရ ကင်မရာ များ အဆင့် တစ်ဆင့် တိုး ထုတ် လျှင် လုပ်လေ့ ရှိသည့် အတိုင်း The Canon EOS 7D Mark II တွင် ဆငထားသည့် 150,000-Pixel RGB + Infrared Metering Sensor သည် Zone ပေါင်း 252 ခွဲ ကြောင်း နှင့် ဤ ယခင်က ဤ Sensor မျိုး တပ်ဆင် ခဲ့သော EOS-1DX ထက် ပင် ပို၍ ကောင်းသည် ဟု ရေးထားသည် ကို တွေ့ရ သည်။ EOS-1D X ၏ RGB + Infrared Metering Sensor သည် 100,000-pixel ဖြစ်သည်။
 
Canon EOS 7D Mark II တွင် Image Processing ကို တစ်ဆင့် ပို လိုက်သည်မှာ  ပုံ ရိပ်ဖမ်း ပို မြန်၍ အလင်း တုန့် ပြန်မှု ပို ဖြစ်လာစေရန် Dual Digic 6 processing engines ဖြင့် မောင်းပေးသည် ဟု Review များတွင် ရေး ထားသည် ကို တွေ့ ရသည်။
 
ယင်း Engine ၏ စွမ်း အားကို အတိအကျ မသိရသော်လည်း Nikon D 4s ၏ နောက်ဆုံး ပေါ် Expeed 4 Image Processing Engine ကဲ့ သို့ ဖြစ်မည် ဟု ထင် သည်။
 
Canon EOS 7D Mark II ၏ နမူ နာ ပုံများ။
 
နမူ နာ ပုံများ မှာ Size အသေးများ ဖြစ်နေ သဖြင့် ကြည့် ၍ အဆင် ပြေ ဆုံး ဖြစ်စေ ရန် ရ နိုင်သမျှ Large Size ကို ပြထားခြင်း ဖြစ်ပါသည်။

 
 













 
 




 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Nikon, Canon စသည့် leading Camera များသည်  အသစ် ထုတ်လုပ်သည့်  ကင်မရာ များ ၏ အားသာချက် များကို မီးမောင်း ထိုး ကြော်ငြာ စေကာမူ တကယ် စမ်း ကြည့် မှ ကမောက် ကမ ဖြစ် စေမည့် အချက် များ အား ချဲ့ ကား ကြော်ငြာ ခြင်း များကို  ၄င်း တို့ ၏ Company နံမည် အပျက် ခံ ကာ ကြော် ငြာ လိမ့် မည် မဟုတ် ဟု ကျွန်တော် ထင်ပါသည်။

 

ကျွန်တော် ယခု ရေးသည့် မှတ်စု သည် အဆိုပါ ကင်မရာ နှင့် ပတ်သက် ၍ ရေးထားသည့် သုံးသပ်ချက် ( Review ) ဆောင်းပါးအချို့ ကို ကိုးကားရေးသား ခြင်း ဖြစ်ပါသည်။

 

Canon က ဤကဲ့သို့ အမြင့်တန်း APS-C ကင်မရာ ထုတ် သကဲ့ သို့ Nikon သည်လည်း အလားတူ ကင်မရာ မျိုး ကို မကြာမှီ ထုတ်လုပ် လာ နိုင်ခြေရှိသည် ဟု ထင်ရပါသည်။

 

ကျွန်တော် သည် Nikon သုံးနေသည် မို့ အဆိုပါ အချိန် ကို စောင့်ရပါလိမ့်မည်။

 

_______________________________



No comments:

Post a Comment